ဂုဏ်ပြုကဗျာလေးတစ်ပုဒ်နဲ့ ကြိုဆိုလိုက်ပါတယ်....
သူရဲကောင်းအမျိုးသမီးမေမေများသို့
နွေအလွန် ၀သန်ရဲ့အစမိုးဦးကျ ဒီလလေးမှာ
ကမ္ဘာမြေအတွက် ပန်းကလေး တစ်ပွင့်ကို
မေတ္တာရှင် သူရဲကောင်းမေမေ က
ယုယစွာ မျိုးစေ့ချခဲ့တယ်။
ရှင်သန်ရာ ဘ၀လမ်းတစ်လျှောက်
ပေါင်းမြက်သင် စိုက်ကာပျိုးလို့
မေတ္တာရည် မိုးရေအောက်မှာ
ပျိုးပင်လေး ကြီးထွားလာခဲ့ပြီနော်။
ပညာသင်ချိန် ပညာပေးလို့
ဘ၀အရေးကိုလည်း သွန်သင်
လွန်နေရင် ဘယ်အရာမှ မကောင်းတာမို့
ဗိုင်းကောင်းဖို့ ကျောက်ဖိခဲ့တယ်။
ဘ၀ရဲ့ဒဏ် ဘ၀ရဲ့မာန်
ကြံ့ကြံ့ခံ သူ့နှလုံးသားနှင့်
အရှူံးတရားကို စစ်ခင်း
မြစ်တစ်စင်းလို ရဲရင့်ခဲ့တော့
အမေဆိုသော အမျိုးသမီးဟာ.....
သမီးတို့အတွက် သူရဲကောင်းပေါ့.။
သူရဲကောင်းမေမေသို့
ချစ်သမီးလေးကဗျာ
 

 

No comments:
Post a Comment